သူရဲကောင်း ဆိုတာ.. ကံကြမ္မာကို စစ်ကူမခေါ်ပဲ တိုက်ပွဲဝင်ရဲတဲ့သူကို ခေါ်တယ်...

Tuesday 4 March 2014

တပ်ပျောက် တဲ ....

စနစ်ဆိုး ကြား
စနက်တံ ဖြုတ်ပြီး
စ, ခဲ့ရသူပါကွယ်

သိုဝှက်ခြင်း တရားရဲ့
သိပ်သည်းမှုက
သိတတ်မှု ဓမ္မကို
သဲသဲလှုပ်
သည်းခံနေမှတော့

ဒီည
ဒါနဲ့ပဲ ငါ့ကို
ဒီနေရာလေးမှာ ထားပေးခဲ့

မ,ဆဲပါနဲ့
မ, ကို
မ, မြင်ချင်လွန်းတော့
မ, ဝတာတွေ များလာလို့ပါ

တော်လှန်ရေး
တိုးလို့ တန်းလန်း နဲ့
တပ်ပျောက်နေတဲ့
တဲ,တွေ
တည်နေသရွှေ့…………

Friday 28 February 2014

အတွေး....

အိပ်မက်တွေ မြင်မကောင်းလောက်အောင် မက်နေပုံက ကိုယ့်ကိုယ်ကိုတောင် ပြန်လှောင်ပြောင် ချင်စရာ ကောင်းနေပြီလေ………

Sunday 23 February 2014

ဒိုင်ယာရီ..

Morning . မာလာဏ်ုသီးဆိုဒ်ဆး .अच्छा सुबह :)
*****************************************************

ကိုးလ်ကတ္တား မောနင်းက ဗာရာဏသီလောက် ဖော်ရွေလှသည်တော့ မဟုတ်၊
စိမ်းစိမ်းကားကားကြီး ကြည့်နေပြန်သည်။
ဒီနေ့ ပန်းခြံနားတဝှိက် ခါတိုင်းတွေ့နေကြ တရုတ်မလေးကို မတွေ့၊
“bhante, bhante” နဲ့ လူကို တွေ့ရင် အတင်းလိုက်ပြုံးပြတတ်တဲ့ ဟာမလေး၊
ရင်ထဲ ဟာတာတာ ရှိလာသည်၊
မုန့်တချပ်နဲ့ ကုလား ကျရေ(လက်ဖက်ရေ)တခွက် အတင်းပြေးဆွဲလိုက်ရသည်၊
နေသာထိုင်သာ ရှိသွားသည်၊ တစ်ပါးသူ နိုင်ငံမှာတော့ ကိစ္စမရှိ၊
ဒီလိုပင် ကြုံသလို ဆွဲရသည်က ဓလေ့တခုလို ဖြစ်နေသည်၊ (အနော်တို့ ဆရာ ဂင်္ဂါကြီးတောင် ကျရေနဲ့ အာလုတ်ကျင်းလေသည် ဆိုပဲ ၊ (ကြုံတုန်းလေး ဖောက်သည်ချလိုက်ဦးမယ် :P) )
မနက်မိုးလင်း လူရှင်းသူရှင်း အချိန် ကားကား ကားကားနဲ့ ထပြေးတတ်တဲ့ အကျင့်တခု အိန္ဒိယ ရောက်ကတည်းက မွေးမြူထားမိသည်၊
အမိမြေမှာတော့ တော်တော် ကိုးယိုးကားယား နိုင်လှသော မြင်ကွင်းမျိုးဖြစ်သည်။
အိန္ဒိယ နိုင်ငံသားတွေကတော့ မနက်ခင်း လွှား, လွှား နဲ့ ပြေးနေတတ်တဲ့ ကိုယ့်ကို လူထူးဆန်းသဖွယ် လိုက်ငေးကြည့်ကြသည်၊

ကတ်ထရီနာ ကေ့ဖ် ၊ပရီယာနာ ချိုပရာ၊ ပရတီ ဇင်တ တို့အချိုးစားကျပြီး ငေးနေလောက်အောင် လှသလောက် ဟိန္ဒီ ဘင်္ဂါလီမလေးတွေက ဗိုက်ပူ နံကားလေးတွေများသည်။
သူတို့ ပျင်းတာလဲ ကိုယ့်အတွက် တခုကောင်းသည်၊ ဘာကိုမှ မျက်နှာပူစရာ မလို စိတ်တွေ လွတ်လွတ်လပ်လပ် ရှိလှသည် ဟု ထင်မိသည်၊
ဘာပဲ ဖြစ်ဖြစ် ဒီနေ့ ၂၄ နာရီ ကိုယ့်အတွက် ကုသိုလ် ရယ် ဥစ္စာရယ် ပညာရယ်
ဘာကျန်ခဲ့မည်လဲ စောင့်ကြည့်ရပေဦးမည် ၊

နိုးနေကြပြီလား ကျုပ်ကတော့ စ,နေပြီဗျ 


:) ;) :D 

(၂၃.၂.၂၀၁၄)

အတွေး..

ကိုယ့်စိတ် ကိုယ် ဖြောင်းဖျ
အမှောင်ညတွေ ကုန်လွန်ပါစေတော့...

အတွေး.. :)

နေရတာ ပျင်းလို့
ဘဝကို ဒီလိုလေး ဆင်ထားချင်တယ်...
"ရန်သူ စစ်စစ် တစ်ယောက်ရယ်"
"ချစ်သူ စစ်စစ် တစ်ယောက်ရယ်"

တစ်ကိုယ်တည်း

ငါ့ကိုယ် ငါ ပျောက်ဆုံးရတာ
ဘယ်လောက် အောက်ကျလိုက်သလဲ....

ပျင်းရိ မနေပါနဲ့
မာသာထရီဇာ ကို တွေ့ရင်
ဗျာများနေရတဲ့ အကြောင်းလေး
ရှင်းပေးလိုက်ကြပါ....

ရိုရိုကျိုးကျိုး ငါ့အဘိဓမ္မာမှာ
မှိုရတဲ့ မျက်နှာထားမျိုးတွေက
ခပ်များများရယ်လေ.....

(လင်းအိမ်နေ)

Wednesday 19 February 2014

ငါ .. မြန်.. မာ...

ဘာလို့ “ငါ မြန်မာ” လို့ ရဲရဲကြီး ရင်ကော့ ပြောမထွက်ရတာလဲ မိညာ…
ကျေးဇူးပြုပြီး …… (နောက်ထပ် ပုစ္ဆာတွေ ထပ်မပေးပါနဲ့)
ဗုဒ္ဓကို ချစ်ရင် အရည်ချင်းတွေ ဦးစားပေးကြမယ်လေ…
ကမ္ဘာကို အိမ်ဖေါ်ပို့တဲ့ နိုင်ငံ မဖြစ်ချင်ဘူး၊
ညက အိပ်မက်ထဲမှာ မြန်မာ့အာဂလူသားတွေ လ’ကမ္ဘာကို picnic ထွက်ကြသတဲ့…